ဖာပွန်  ၄  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ မီးသတ်ဦးစီးမှူး ဦးကျော်ကျော်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း မီးဘေးလုံခြုံရေးနှင့်ပြည်သူများ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီက ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက် ယွန်းစလင်းဈေးသို့ သွားရောက်ပြီးမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

 

 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရန် အချက်များနှင့် မီးငြှိမ်းသတ်ပစ္စည်းများဖြင့် စနစ်တကျကိုင်တွယ် မီးငြှိမ်းသတ်နည်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ပါက ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ပညာပေးဆွေးနွေးဟောပြောသည်။

 

ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြုကာ လက်တွေ့ မီးငြှိမ်းသတ်နည်းစနစ်များကို သရုပ်ပြသဆောင်ရွက်ရာ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဈေးသူ/ဈေးသားများက  လေ့လာကြည့်ရှုကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)