ထန်တလန် ၁၂ ဇန်နဝါရီ

 

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် (နယ်မြေခံဝန်ကြီး) ဦးဆန်နီထန်ကျုံးနှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့သည် ထန်တလန်မြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား အလှူ‌ငွေနှင့် ထောက်ပံ့ပစ္စည်းများ ‌ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည်။

 

အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က နှစ်သိမ့်အားပေးစကားပြောကြားပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော မီးဘေးသင့်နေအိမ်(၃)လုံးအတွက် ကျပ်(၉)သိန်း၊ သေဆုံးသူ(၂)ဦးအတွက် ကျပ်(၆)သိန်း၊ ဒဏ်ရာရရှိသူ လူနာ(၂)ဦးအတွက် ကျပ်(၂)သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇)သိန်းကိုလည်း‌ကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ် (၃)လုံးအတွက် ကျပ်(၆)သိန်း၊‌ သေဆုံးသူ(၂)ဦးအတွက် ကျပ်(၆)သိန်း၊ ဒဏ်ရာရရှိသူလူနာ(၂)ဦးအတွက် ကျပ်(၁)သိန်း၊ မီးဘေးသင့်လူဦးရေ (၁၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး(၃၁၅၀၀)ကျပ် စုစုပေါင်း (၁၃၃၁၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို လည်း‌ကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ၏စုပေါင်း လှူဒါန်းငွေ ကျပ်(၁၃)သိန်းကို လည်းကောင်း၊ မီးဘေးသင့် အိမ်ထောင်စုများအတွက် စုစုပေါင်း (ကျပ်‌လေးဆယ့်သုံးသိန်း သုံးသောင်း တစ်ထောင့်ငါးရာတိတိ/-) အား သက်ဆိုင်ရာများမှ အသီးသီးလှူဒါန်းပေးအပ်ပြီး မီးဘေးသင့် အိမ်ထောင်စုများ ကိုယ်စား ဦးကဲပ်သူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဥပဒေချုပ် (နယ်မြေခံဝန်ကြီး) ဦးဆန်နီထန်ကျုံး၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN