ရေတာရှည် ၂  ဇန်နဝါရီ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အင်ပင်သာတဲစု မီးဘေးသင့်ပြည်သူများနှင့် ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံစိုက်ပျိုးနိုင်ရန် မျိုးစပါးနှင့် အခြားသီးနှံများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

223

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် မျိုးစပါး ၁၅၃ ဒသမ ၃ တင်းအတွက် တန်ဖိုးငွေကျပ် ၁ ဒသမ ၃၇၉၇ သန်းနှင့် အခြားသီးနှံ(၈)မျိုးအတွက် တန်ဖိုးငွေကျပ် ၅၈ ဒသမ ၅၅၇၀၉ သန်း စုစုပေါင်း ၅၉ ဒသမ ၉၃၆၇၉ ကို ဝန်ကြီးချုပ် ဦးဝင်းသိန်းက တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

192

ထို့နောက် ဆွာမင်းလမ်းကျေးရွာအုပ်စု အင်ပင်သာတဲစုတွင် မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၅၀၀၀၀၀ နှင့် လူဦးရေ ၂၄ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာအတွက် ငွေကျပ် ၅၀၄၀၀ ကျပ် စုစုပေါင်း ၅၅၀၄၀၀ ကျပ်ကို ထာက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)