မြင်းခြံ ၁၂ မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို မေ ၁၂ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က တူရွင်းဘို့ကျေးရွာ သီရီမင်္ဂလာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

 

တူရွင်းဘို့ကျေးရွာတွင် မေ ၁၁ ရက်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၇)စု လူဦးရေ (၂၆)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၇)သိန်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၅၄၆၀၀ နှင့် ကယ်ဆယ်ရေး အဝတ်အထည် အသုံးအဆောင်ပစ္စည်းတို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပေးအပ်ခဲ့သည်။

 

အဆိုပါ ကယ်ဆယ်ရေးထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အတွက် လက်ခံရရှိသူ ဒေါ်မြင့်ဦးမှလည်း မီးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်တည်ဆောက်နိုင်ရန် ယခုလိုလာရောက် ထောက်ပံ့ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။        

   

ကျော်စွာ(မြင်းခြံ) (ပြန်/ဆက်)