နေပြည်တော် ၂၂ ဇန်နဝါရီ
ရတနာပုံစျေးရှိ သားငါးစျေး၊ Ocean Supermarket၊ Diamond Plaza နှင့် Underground car parking များ ဇန်နဝါရီ ၂၅ ရက် (စနေနေ့)တွင် ပြန်လည်ဖွင့်လှစ်သွားမယ်လို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်၏ ဖေ့ဘွတ်တွင် ဖော်ပြထားသည်။
လက်ရှိတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများလုပ်ဆောင်နေပြီး စိတ်ချရသည့်အတွက် လျှပ်စစ်မီးများ စတင်ထွန်းနေပြီဖြစ်ကြောင်း၊ ရတနာပုံ စျေးသူစျေးသားများလည်း စည်းကမ်းလိုက်နာသည့်အတွက် လူသွားလမ်းကျယ်လာပြီး လေဝင်လေထွက်ပါ ကောင်းလာကြောင်း၊ စည်းကမ်းထိန်းသိမ်းရေး အပိုင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မီးသင့်ခဲ့သည့် ပထမထပ်ကို လူအင်အား ၁၅၀ ဖြင့် ရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိပြီး စျေးအတွင်းရှိ စက်လှေကား Escalator များနှင့် ဓာတ်လှေကားများကိုလည်း ပြန်လည်အသုံးပြုနိုင်ရန် Fortune Company က လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
MDN
Source: Ye Lwin Facebook