ရန်ကုန် ၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကပမြို့နယ် (ဌ)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများ (၄၈)ဦးအား ကယ်ဆယ်ရေးပစ္စည်းများ၊ အိ်မ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာများ ထောက်ပံ့ခြင်းကို ဇန်နဝါရီ ၇ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မရမ်းကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရန်ကုန်) တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၄ သိန်း၊ ဆန်ရိက္ခာ ခုနစ်ရက်စာ ငွေကျပ် ၁၀ဝ၈၀ဝ၊ အိမ်ထောင်စု (၂၀)အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ စောင်အထည် ၄၀ နှင့် လိုအပ်သည့် ဒန်အိုး၊ ရေသန့်၊ စားဆီနှင့် အဝတ်အထည်များကို မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်မှုသည် ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီခွဲခန့်က မြောက်ဥက္ကပမြို့နယ် (ဌ)ရပ်ကွက် ခွာညိုလမ်းရှိ ပိုင်ရှင်ဒေါ်ခင်ကြွယ်၏ နေအိမ်လျှပ်စစ်မီတာဘောက်မှ ဒါးမိန်းအပူလွန်ကဲကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုးထရံကာနေအိမ် ၄ လုံး၊ သွပ်မိုးပျဉ်ကာနေအိမ် ၂ လုံး၊ အုတ်ညှပ်ပျဉ်ထောင် နှစ်ထပ်တိုက် ၁ လုံး၊ RC တိုက် ၂ လုံး စုစုပေါင်းအိမ်ခြေ ၉ လုံး မီးလောင်ဆုံးရှုံး၍ မီးဘေးသင့်အိမ်ထောင်စု ၂၀ စုမှ လူဦးရေ ၄၈ ဦး အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး