ပုလော ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော အိမ်ခြေ ၂၁ အိမ်၊ အိမ်ထောင်စု ၂၂ စု၊ လူဦးရေ ၁၆၁ ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မိုးလုံလေလုံ အားကစားခန်းမ၌ ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး မီးဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာများ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့များက ငွေ၊ ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ဧပြီ ၂၃ ရက်တွင် လာရောက်ပံ့ပိုး လှူဒါန်းကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထပ်မံ၍ ရောက်ရှိလာသော ကျားလုံချည် အထည် ၅၀၊ မလုံချည် ၆၇ ထည်၊ တီရှပ် ၁၁၇ ထည်၊ သွားတိုက်တံ/ သွားတိုက်ဆေး ၂၂ စုံ၊ ခြင်ထောင် ၂၂ လုံး၊ ကျောင်းဝတ်စုံ ကျား ၉ စုံ၊ မ ၁၇ စုံ၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ Family Kit ၊ Hygiene Kit ၊ Sheiter Tool ၊ Jerry Can ၊ Kitchen Set ၊ Dignity Kit (၆)မျိုးပါ တစ်စုံ (၃)သိန်းတန် ပစ္စည်း (၂၂)စုံ၊ ပုလောမြို့ အမှတ်(၁)ရပ်ကွက် ကုက္ကိုရိပ် နာရေးကူညီမှုအသင်းက အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် ၂၅၀၀၀ နှင့် တန်ဖိုး ၅၀၂၀၀ ကျပ် (ဆန်၊ ဆီ၊ မားမားနှင့် အချို့မုန့်များ) ကာလတန်ဖိုး ၁၇၂၉၆၀၀ ကျပ်၊ ဒေါက်တာအက်(စ်) ဆေးဆိုင်မှ ၂၄ ပြည်ဝင် ဆန် (၂)အိတ်နှင့် (၁၀)ပြည်ဝင် (၁)အိတ် ကြက်ဥ အလုံး ၂၅၀ နှင့် ဆေးဝါးများ၊ ဌာနဆိုင်ရာများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများမှ လာရောက်ထည့်ဝင် လှူဒါန်းငွေ ကျပ် ၂၄၁၅၀၀၀ တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် မီးဘေးသင့်ပြည်သူများထံသို့ လာရောက်လှူဒါန်းကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)