တံတားဦး   ၂၉  စက်တင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် စက်တင်ဘာလ(၂၆)ရက်က မီးလောင်မှုကြောင့် မီးဘေး သင့်ခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးတိုးချဲ့ဆောင်တွင် ကျင်းပကြောင်း သိရသည်။

 

မီးဘေးသင့် အိမ်ထောင်စုများ ထောက်ပံ့ပေးအပ်ရာတွင် ထန်းပေါက်ကုန်းကျေးရွာ ဦးဝင်းကို အိမ်ထောင်စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်းကျပ်၊ ဆန်ဖိုးရိက္ခာ ငွေကျပ်(၁၀၅၀ဝ)  ၊ စုစုပေါင်း ငွေကျပ  (၁၁၀၅၀ဝ)  နှင့် လူသုံးကုန်ပစ္စည်း(၁၇)မျိုးကိုလည်းကောင်း ၊ ဦးရဲလင်းထွန်း အိမ်ထောင်စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၅၀ဝ၀ဝ)ကျပ် ၊ ဆန်ရိက္ခာဖိုး ငွေကျပ် (၁၀၅၀ဝ)ကျပ် စုစုပေါင်း (၆၀၅၀ဝ)နှင့် လူသုံးကုန်ပစ္စည်း (၁၀)မျိုးကို၎င်း အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည် ။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)