ကော့သောင်း၊ ၁၇ ဇန်နဝါရီ 

ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှ မီးဘေးသင့်ခဲ့သည့် မိသားစုများအား ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့မှုတွင် မီးဘေးသင့်ခဲ့သည့် မိသားစု(၂)စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း တစ်ကိုယ်ရေသုံးပစ္စည်း (၁၁)မျိုးနှင့် (၆)မျိုးပါ အထုတ်တစ်ထုတ်စီ၊ ကိုရီးယားဆန် တစ်အိမ်ထောင်လျှင် (၂)အိတ်စီနှင့် ဆီ တစ်လီတာဘူး တစ်အိမ်ထောင် (၅)ဘူးစီနှင့် ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မျိုးကိုတို့က စောင်၊ ခြင်ထောင်၊ မျက်နှာသုတ်ပုဝါ၊ ဖျာ၊ အိုးခွက်ပန်းကန် စသည့်ပစ္စည်း (၁၆)မျိုးပါ တစ်ပုံးစီကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မီးလောင်ကျွမ်းခဲ့ရသည့် နေရာအားကြည့်ရှုကာ အိုးအိမ်များ ပြန်လည်ထူထောင်နိုင်ရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။


အဆိုပါမီးဘေးသင့်မိသားစုများမှာ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ဂက်(စ်)အိုးများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် တိမ်းမှောက်မီးလောင်မှုကြောင့် အိုးအိမ်များ မီးဘေးသင့်ခဲ့ကြရသည့် မိသားစုများဖြစ်ကြောင်း သိရသည်။


ကျော်စိုး (ကော့သောင်း)