နေပြည်တော် ဇွန် ၂၃

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့်  သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းကို ဇွန် ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသည်။

 

အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း ၆၀ တို့ကို တစ်ဖွဲ့လျှင် သင်တန်းသား ၃၀ စီဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

 

သင်တန်းသို့  သင်တန်းသား ၄၅၀ တက်ရောက်ပြီး မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မူဘောင်၊ သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှုဆိုင်ရာများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားဆိုင်ရာများ၊ သတင်းအချက်အလက်များအား စစ်ဆေးခြင်းဆိုင်ရာ သင်ခန်းစာများကို သင်တန်းရှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်