လိုင်လင်းပီ ၉ ဇွန်
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု၊လက်မှုဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့သည် မီးဇာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအတွက် IDPs Camp တည်ဆောက်နိုင်စေရန်အတွက် ကြိုတင်ငွေကျပ် သိန်းတစ်ရာကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် ရှင်းလက်ဝကျေးရွာ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေဖြင့် မီးဇာကျေးရွာ စစ်ဘေးရှောင် ပြည်သူများအား လှူဒါန်းပေးရခြင်း ဖြစ်ကြောင်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ စသည့် ရိက္ခာများကိုလည်း အလျဉ်းသင့်သလို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု၊လက်မှုဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့သည် ရှင်းလက်ဝ ကျေးရွာတွင်းလမ်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)


