မန္တလေး ၄ သြဂုတ်
မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင် နန်းခင်ဇေယျာက မန္တလေးမြို့ရှိ မှီခိုမဲ့ အဘိုးအဘွားများအား ယနေ့မှာ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း မနောကြာဖြူ လူမှုကူညီရေးအသင်းမှ သိရသည်။
မှီခိုမဲ့ အဘိုးအဘွားများအတွက် တစ်ဦးလျှင် အလှူငွေ ၁၀၀၀၀ ကျပ်၊ နံနက်စာ ထမင်းဘူး၊ ဆန်၊ ဆီ တို့ကို အဘိုးအဘွားများထံ နေရာအရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“မနောကြာဖြူအဖွဲ့က ကူညီဖေးမှုပေးနေတဲ့ နွမ်းပါး မှီခိုမဲ့ အဘိုးအဘွားတွေထဲကနေ ဆယ်ဦးလောက် လှူချင်ပါတယ်ဆိုပြီး တွတ်ပီ ဝက်သားတုတ်ထိုးပိုင်ရှင် ကိုကျော်လေးကနေတစ်ဆင့် ကမ်းလှမ်းလာတယ်။ နန်းခင်ဇေယျာရဲ့ အလှူလေးအတွက် မနောကြာဖြူ အဖွဲ့သားများမှ ပေါင်းကူးလုပ်အား ကုသိုလ်လေးယူဖြစ်ပါတယ်” ဟု မနောကြာဖြူ လူမှုကူညီရေးအသင်းမှ ကိုစိုးက ပြောသည်။
နန်းခင်ဇေယျာက အဘိုးအဘွားများအား လှူဒါန်းပေးခြင်းသာမက အားပေးနှစ်သိမ့်စကားများ ပြောခဲ့ကြောင်း သိရသည်။
မေသက်ထား