ဇီးကုန်း မတ် ၅
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းထွဋ်က သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ တောင်ယာခုတ်ထွင်မီးရှို့မှုများ မပြုလုပ်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောပြီး တောအုပ်ဦးရန်လင်းပိုင်က မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာစေသောအကြောင်း အရာများ၊ ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန် နည်းလမ်းများအကြောင်း တို့ကို ဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


