တွံတေး ၄ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာ အရှေ့ပိုင်းလင်္ကာဒီပလမ်းနေ ကိုနေလင်း အသက်(၄၈)နှစ်၏ နေအိမ်မှ ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစောမောင်သန်း ဦးစီးသောတပ်ဖွဲ့ဝင်၂၁ဦး မီးသတ်ယာဉ် နှစ်စီး ရေသယ်ယာဉ် ၂စီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးအောင်နိုင်ဦးပါ ၁၁ ဦး ကံဘဲ့ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစိုးဌေးနှင့် ပြည်သူလူထုများ လာရောက်ငြိမ်းသတ်ကြပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးခင်း တစ်လုံး ဓနိမိုး၊ ထရံကာ ဝါးခင်း တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၅နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍ တွံတေးမြို့မရဲစခန်းမှ အိမ်ရှင် ဦးနေလင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)
