ကျောက်ဆည် ၂၃ ဇူလှိုင်
ကျောက်ဆည်မြို့နယ်၊ အလယ်မြင်စိုင်းကျေးရွာတွင် ဇူလှိုင် ၂၃ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်အေးသီတာ(၂၈)နှစ်သည် ထမင်းဟင်းတည်ချက်ခဲ့ပြီး မီးဖိုအား မီးမငြိမ်းသတ်ဘဲထားခဲ့ရာမှ ၎င်းမီးမှတစ်ဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်ရာသို့ ကျေးရွာပြည်သူများနှင့်အတူ ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇင်ထွန်း ဦးဆောင်ပြီး မီးသတ်ကား(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၃)ဉီးတို့ ဝိုင်းဝန်ငြိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၁၅x၁၂)ပေရှိ သက်ကယ်မိုး ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက် လူနေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်အခြား တိရစ္ဆာန်သေဆုံးထိခိုက်မှု မရှိခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်အေးသီတာအား မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)