ရေတာရှည် ၁၂ မတ် 


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၉/၄ နှင့် ၅ အကြား ကားလမ်း အနောက်ဘက် ပေ ၄၀ဝ ခန့်အကွာ မြတ်မင်းရာဘာစိုက်ခင်းအတွင်းရှိ လူနေအဆောက်အအုံများတွင် မတ် ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရော်ဘာစိုက်ခင်းအတွင်းရှိ လုပ်သား ဝင်းနိုင် (၄၈)နှစ် နေထိုင်သည့် ၃ ပင်ပတ်လည် သွပ်မိုး၊ ထရံကာမြေစိုက်အဆောက်အအုံ ၂ လုံး၊ သွပ်မိုး၊ အကာမပါ အဆောက်အအုံတစ်လုံးတို့ကို မီးကြွင်းမီးကျန်းမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

 

မီးလောင်ရာသို့ သာဂရအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ 


ကိုလွင်(ဆွာ)

 

1.12