အောင်လံ ၂၄ ဇန်နဝါရီ 


    
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်စိန်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထက်ဇော်မင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့သည် ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သော ဒါးစမ်းကျေးရွာသို့ သွားရောက်၍ အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများကို မီးဘေးသင့်ပြည်သူ ၂၇ ဦးတို့အား ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးတိုက မီးဘေးသင့်ပြည်သူတို့ကို အားပေးစကားများပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ စီမံဆောင်ရွက်ရန် အခြေအနေများကိုလည်း ကျေးရွာတာဝန်ရှိအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သိန်းလွင်(အောင်လံ)