ဆိုးလ် ဒီဇင်ဘာ ၃၀
တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအမ်းလေဆိပ်တွင် မီးလောင်ပေါက်ကွဲခဲ့သည့် တောင်ကိုရီးယား Jeju Air လေကြောင်း လိုင်းမှ လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာနှစ်ခုကို ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
လေယာဉ်ပေါ်တွင် တောင် ကိုရီးယားနိုင်ငံသား ၁၇၃ ဦး၊ ထိုင်း နိုင်ငံသားနှစ်ဦးနှင့် လေယာဉ်အမှု ထမ်းခြောက်ဦး လိုက်ပါလာသည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ထွက်ခွာလာသည့် ၎င်းလေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအမ်းလေဆိပ်၌ ဆင်းသက်ရန်ကြိုးစားစဉ်တွင် လမ်းချော်၍ လေယာဉ်ကွင်းခြံစည်းရိုးနှင့် တိုက်မိပြီး ကိုယ်ထည်နှစ်ခြမ်းကွဲကာ မီးလောင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် ခရီးသည် ၁၇၉ ဦး သေဆုံးပြီး လေယာဉ်အမှုထမ်း နှစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လေယာဉ် ဆင်းသက်ရေး ကြိုးပမ်းချိန်တွင် ငှက်အုပ်နှင့် တိုက်မိသည်ဟု ယူဆရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ပထမအကြိမ် ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ဘီးချမရသည့်အတွက် လေယာဉ်ကိုယ်ထည်နှင့် ရှပ်ပြီးဆင်းသက်ခဲ့သော်လည်း လေယာဉ်ကွင်း ခြံစည်းရိုးနှင့် တိုက်မိပြီးမီးလောင်ခဲ့သည်။ လေထုထဲ၌ လေယာဉ်ရှိနေစဉ်ကတည်းကပင် ညာဘက်တောင်ပံ မီးလောင်နေသည်ကို တွေ့ရှိရကြောင်း မှတ်တမ်းများအရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ