မန္တလေး ၈ ဒီဇင်ဘာ

အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက်မှ မီးလောင်ပြင်လာသည့် မီးသတ်ယာဉ်နှစ်စီး  တိုက်မိခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ၈၂-လမ်းနှင့် ၈၃-လမ်းကြား ၂၃ လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် မီးလောင်၍ မီးငြိမ်းသတ်ရန် ထွက်ခွာလာစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊  မီးသတ်ယာဉ်နှစ်စီးလုံးသည် ဌာနတစ်ခုထဲမှ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ မီးသတ်သမား ခြောက်ဦးခန့် ဒဏ်ရာရခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။

ဖြိုးအိ