သီပေါ ၆ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မိုင်းလင်းကျေးရွာမှ မီးလောင်သွားသော ရွာဦး ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် သံဃာတော်များအား နယ်စည်းမခြားပရဟိတ(သီပေါ)နှင့် မြို့နယ်ကြက်ခြေနီအသင်း မြတ်မွန်စေတနာလူမှုကူညီရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များက သင်္ကန်း၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်နှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငါးခြောက် စားသောက်စရာများ၊ စာရေးကိရိယာများ၊ အလှူငွေများကို ယနေ့နံနက် (၁၀)နာရီက ကျေးရွာအရောက် သွားရောက် လှူဒါန်းကြသည်။

 

5

 

ထိုသို့လှူဒါန်းရာတွင် နယ်စည်းမခြား ပရဟိတခေါင်းတောင် ဦးမျိုးလွင်က စားသောက်စရာ များနှင့် ငွေကျပ် တစ်သိန်းငါးသောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်း ဉက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက ငွေကျပ် ရှစ်သိန်းကျော်နှင့် ဟင်းချက်စရာများကိုလည်းကောင်း မိုင်းလင်း ကျောင်းထိုင် ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် ကြက်ခြေနီအသင်းဝင်များ၊ နယ်စည်းမခြား ပရဟိတနှင့် လူမှုရေးအသင်းများက မိုင်းလင်းရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်ပြင်ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

စိုင်း(သီပေါ)