မြင်းခြံ ၃၁ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် လျှပ်စစ်မီးလင်းရန် ကျန်ရှိနေသော ကျေးရွာများကို အမြန်ဆုံးလျှပ်စစ်မီးရရှိအောင် မြင်းခြံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မီးလင်းရန် ကျန်ရှိနေသေးသော ကျေးရွာ ၅၆ ရွာအား လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၀၊ ကျေးရွာအုပ်စု ၆၄ အုပ်စု၊ ကျေးရွာပေါင်း ၁၈၄ ရွာရှိရာ ရပ်ကွက် အားလုံးလျှပ်စစ်မီးရရှိနေပြီး ကျေးရွာများအနက် ၁၂၈ ရွာမှာ လျှပ်စစ်မီးရရှိနေကာ ကျန်ရှိသော ကျေးရွာ(၅၆)ရွာကို လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့်လည်းကောင်း၊ Private Finance Initiative (PFI)စနစ်ဖြင့်လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) အစီအစဉ်ဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမြလင်းဝေထံမှ သိရသည်။ 

ထို့အပြင် မြင်းခြံမြို့နယ်မှ လျှပ်စစ်မီးလင်းနိုင်ရေးအတွက်ကျန်ရှိသော ကျေးရွာများအား (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာ(၁၇)ရွာအားလည်းကောင်း၊ PFI စနစ်ဖြင့် ကျေးရွာ(၂၀) အားလည်းကောင်း၊ NEP စနစ်ဖြင့်ကျေးရွာ (၁၉)ရွာ စုစုပေါင်း(၅၆)ရွာအား လျှက်စစ်ဓာတ်အားရရှိရေးအတွက် တိုင်ထူခြင်း၊ လိုင်းဆွဲခြင်း၊ ဓာတ်အိုးများတပ်ဆင်ခြင်းစသည့်လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ 

၁၄၇