မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မိုင်းခတ် ၉ ဖေဖော်ဝါရီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် မိုင်းကာအရှေ့အုပ်စု ပန်နော်လောင်း (အပေါ်ရွာ)တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဦးကျာမူး၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ မီးသတ်ကား(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဝန်ထမ်းများ၊ ရွာသူရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ 


မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၀ ပေရှိ သွပ်မိုး၊ ထရံကာ ခြေတံရှည်အိမ်တစ်လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး အိမ်ပိုင်ရှင် ဦးကျာမူးအား မိုင်းခတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မြို့နယြ် ပန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


MDN

 

123