မန္တလေး၊  ၁၆ ဇန်နဝါရီ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ဦးဆောင်မှု၊ မန္တလေးခရိုင် လျှပ်စစ်မန်နေဂျာ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုကောင်းရေး၊ မီတာဖတ်ချက်များ မှန်ကန်ရေး၊ စက်မှုဇုန် အလုပ်ရုံများသို့ ရောက်အောင်သွား၍ မှန်အောင်ဖတ်ပြီး ဝန်ဆောင်မှု ကောင်းအောင် ဆောင်ရွက်ရေး၊ Unit Losses ကျဆင်းရေး၊ ဝင်ငွေ တိုးတက်ရေးအတွက် မီတာဖတ်စာရေးများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် နာရီက ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မန်နေဂျာရုံတွင်ကျင်းပရာ မီတာဖတ်စာရေးများ တက်ရောက်ကြပြီး ခရိုင်လျှပ်စစ်မန်နေဂျာ ဦးအေးကျော်က မီတာဖတ်ချက်များ မှန်ကန်ရေးနှင့် ဝင်ငွေတိုးတက်ရေး တွေ့ဆုံမှာကြားသည်။

ထိုနောက် မန္တလေးခရိုင် လျှပ်စစ်မန်နေဂျာနှင့် ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မန်နေဂျာတို့သည် စက်မှုဇုန်အတွင်း တပ်ဆင်ပေးထားသော ပါဝါလျှပ်စစ်မီတာများတွင် မီတာဖတ်စာရေးများမှ မီတာယူနစ် ဖတ်၍ စာရင်းသွင်းနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ 

မောင်ပြည်သူ(မန္တလေး)