၂၂ ဇွန်
ဂျက်ဆင်မိသားစုတွင် အငယ်ဆုံးသမီးဖြစ်တဲ့ ဂျဲနက်ဂျက်ဆင်က သူပျော်ရွှင်မှုကို ခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး မိခင်ဖြစ်မှပဲ ပျော်ရွှင်မှုအစစ်အမှန်ကို သိရတော့တယ်လို့ ပြောခဲ့ပါတယ်။ ပေါ့ကြယ်ပွင့်ဖြစ်တဲ့ဂျဲနက် ဂျက်ဆင်ဟာ ဘဝမှ အချိန်အတော်ကြာ ဝမ်းနည်းတာ စိတ်ဓါတ်ကျတာ၊ ကိုယ်ကိုကိုယ်ယုံကြည်မှု ကင်းမဲ့တာတွေကို ခံစားခဲ့ရပါတယ်လို့ အက်ဆန့် မဂ္ဂဇင်းကို ပေးပို့တဲ့စာမှာ ပွင့်ပွင့်လင်းလင်းပဲ ဖော်ပြထားခဲ့ပါတယ်။ စိတ်ဓါတ်ကျတာဟာ အတောလေး ကြောက်စရာကောင်းပြီး နောက်ဆုံးမှာ လမ်းမှန်ပေးပြန်ရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဂျဲနက်ကပြောပါတယ်။ ဂျဲနက်ဟာ အခုအခါ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူရဲ့သားလေးကြောင့် ငြိမ်းချမ်းမှုကို ရှာတွေ့တာပါလို့လည်း ဆိုပါတယ်။ ဘဝမှာ အပျော်ရွှင်ရဆုံးကတော့ သားငယ်လေးကို လက်ထဲမှာချီထားရတဲ့ အချိန်ပဲလို့ပြောပါတယ်။
ဂျက်ဆင်ဟာအမေရိကန်မှာ အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ သူစိတ်ကျဝေဒနာ ခံစားနေရတယ်လို့ ပထမဦးဆုံးဝန်ခံခဲ့ပါတယ်။ အိမ်ထောင်သုံးဆက်ရှိသူဖြစ်ပြီး သူရဲ့ပထမဦးဆုံး သားဦးလေးကိုတော့ ၂၀၁၇ ဇန်နဝါရီ ၃ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ ဂျဲနက်ဟာ ၁၇၅ သန်းကြွယ်ဝပါတယ်။ ဘဝမှာ အမြဲစိတ်ဓာတ်ကျမှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ ဂျဲနက်ဟာ အခုအခါမှာတော့ မိခင်ဘဝမှာပျော်မွေ့နေတယ်လို့ သိရပါတယ်။ သူ့သားလေးရဲ့အမည်ကတော့ အီဆာအယ် မနာ လို့အမည်ပေးထားကြောင်းလည်း သိရပါတယ်။
ခြူး
ကိုးကား - ဘီဘီစီ