ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့် အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။

 

သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏

 

•           အသက်

 

•           အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ

 

•           ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု

 

•           သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း

 

•           ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။

 

ဥပမာ အိမ်ထောင်ရှိ ကလေးမိခင် တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင် ဆက်ဆံဖော် တစ်ဦးမက ရှိသူ မိန်းကလေး တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ သည် များစွာ ကွဲပြားမှုရှိမည် ဖြစ်သည်။

 

ကျန်းမာရေးအခြေအနေ   သားဆက်ခြားနည်း

 

လတ်တလောကိုယ်ဝန်ရှိသူ     သုံးစွဲရန်မလို။

 

ရောဂါမကူးစက်ရန် ကွန်ဒုံး သုံးနိုင်။

 

(ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။)

 

နို့တိုက်မိခင်       ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ

 

(ကလေး၆ပတ် မကျော်မီ)        မသုံးရန်။

 

progestrone ပါသော ဆေးကဒ်သုံးနိုင်။ကွန်ဒုံးသုံးနိုင်။

 

(estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ ကလေး မွေးပြီး ၆လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ရသောကြောင့် နို့ထွက်နည်း လျှင် ကလေးအာဟာရမပြည့်ပေ။)

 

နို့တိုက်မိခင်     ဟော်မုန်းပါသောဆေးကဒ်သုံးနိုင်။

 

(ကလေး၆လကျော်)  ကွန်ဒုံးသုံးနိုင်။

 

(ကလေး၆လကျော်လျှင် ဖြည့်စွက်စာစားသောကြောင့် မိခင်နို့ထွက်နည်းသော်လည်း စိုးရိမ်စရာမရှိချေ။)

 

သွေးတိုးရှိသူ      ဟော်မုန်းပါသောဆေးမသုံးရန်။ ဖြစ်နိုင်ပါက ၃လခံဆေး မသုံးရန်။

 

အပေါ်သွေး ၁၄၀      progestrone တားဆေးကဒ်သုံးနိုင်။

 

အောက်သွေး ၉၀   ကွန်ဒုံးသုံးနိုင်။

 

-သွေးကြောပိတ်ရောဂါရှိသူ

 

-သွေးရောဂါ ရှိသူ

 

-ခေါင်းကိုက်ရောဂါရှိသူ

 

-အသည်းရောဂါရှိသူ)

 

(ဟော်မုန်းပါသောဆေးများသည် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည်တို့ကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်)

 

တီဘီရောဂါရှိသူ     ဟော်မုန်းပါသော ဆေးကဒ်များ မသုံးရန်။

 

၃လခံဆေး သုံးနိုင်သည်။

 

(တီဘီဆေးသည် ဆေးကဒ်များ၏ အာနိသင်ကို ကျစေပြီး ဆေးသောက်နေရင်း ကိုယ်ဝန်ရတတ်သောကြောင့်ဖြစ်သည်။ )

 

အဝလွန်ခြင်း နှင့်       ဟော်မုန်းပါသောတားဆေးများကို တတ်နိုင်သမျှရှောင်ရန် ကိုယ်အလေးချိန်ထိန်း      ဟော်မုန်းမပါသော သားအိမ်အတွင်း ထည့်လိုသူ      ပစ္စည်းIUDသုံးနိုင်သည်။

 

နှစ်ရှည်တားလိုသူ    လက်မောင်းတွင်းထည့် တားဆေးImplanon NXTသားအိမ်အတွင်းထည့် ပစ္စည်းIUDသုံးနိုင်သည်။

 

သားဆက်ခြားနည်း အမျိုးမျိုး၏ ထိရောက်မှုကို နှိုင်းယှဉ်ခြင်း

 

သားဆက်ခြားနည်း                     သာမန်                             နည်းစနစ်မှန်

 

သုံးသူ                                  သုံးသူ

 

ကွန်ဒုံး                                        ၈၅%                                     ၉၈%

 

အရေးပေါ်တားဆေး                     မသိရ                                  နာရီ ၁၂၀

အတွင်းသုံးပါက

၇၅%

ဟော်မုန်း၂မျိုးပါ                          ၉၂%                                ၉၉.၇%

တားဆေးကဒ်

progestrone                                ၉၂%                               ၉၉.၇%

တစ်မျိုးတည်းပါ

တားဆေးကဒ်

၃လခံထိုးဆေး                                     ၉၇%                            ၉၉.၉၇%

လက်မောင်း                                         ၉၇%                            ၉၉.၉၇%

အရေပြားအောက်

ထည့်တားဆေး

သားအိမ်တွင်းထည့်                            ၉၉.၉၂%                       ၉၉.၉၄%

ပစ္စည်း

ရက်ရှောင်ခြင်း                                      ၇၅%                          ၉၁_၉၉%

မိန်းမကိုယ်ပြင်ပ                                  ၁၀ဝ%                          ၁၀ဝ%

လိင်ဆက်ဆံခြင်း

(ဉပမာ ပါးစပ်ဖြင့် ဆက်ဆံခြင်း)

သားဆက်ခြားနည်းများအား ရရှိနိုင်မှု

 

ဟော်မုန်းပါသောက်ဆေးများ၊ ကွန်ဒုံးများ၊ အရေးပေါ်တားဆေးများအား ဆေးဆိုင်အများအပြား၌ အလွယ်တကူ ရရှိနိုင်သော်လည်း ၃လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ကိုယ်ဝန်တားနည်းနှင့် သားအိမ်တွင်းထည့်ပစ္စည်းတို့မှာ ဆေးရုံဆေးခန်းများတွင် ကျွမ်းကျင်သော ဆရာဝန်များ အကူအညီဖြင့်သာ ရရှိနိုင်သည်။

 

ထပ်ဆင့် မျှဝေလိုသော စကား

 

•           မိမိအဖော်တွင် လိင်မှတဆင့် ကူးစက်တတ်သောရောဂါများရှိနေနိုင်ကြောင်း သံသယရှိလျှင် ကွန်ဒုံးသုံးပါ။

 

•           နည်းစနစ်မှန်ကန်စွာသုံးခြင်းဖြင့် ကိုယ်ဝန်အပြင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုပါ ကာကွယ်နိုင်သည်။

 

•           ကွန်ဒုံးအပို အမြဲအသင့်ထားရှိပါ။

 

•           ကွန်ဒုံး ပေါက်ပြဲမှု ရှိ မရှိ သေချာစွာ စစ်ဆေးပြီးမှ အသုံးပြု ပါ။

 

•           ကွန်ဒုံး ပေါက်ပြဲသွားပါက ဆက်ဆံပြီးချင်း အရေးပေါ်တားဆေးသောက်ပါ။

 

•           လိင်စိတ်ဖြေရန် လက်ကိုင်ခြင်း၊ ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ တကိုယ်တော်စိတ်ဖြေခြင်း၊ ပါးစပ်မှတဆင့် လိင်ဆက်ဆံခြင်းများသည် ကိုယ်ဝန်မရစေနိုင်ပါ။

 

•           အရေးပေါ်တားဆေးကို ပုံမှန်တားဆေးအဖြစ် သုံးရန်မသင့်ပါ။ တစ်လအတွင်း အကြိမ်ကြိမ်မသုံးသင့်ပါ။

 

ဆေးကဒ်သောက်စဉ်မေ့လျော့ခြင်း

 

လိင်ဆက်ဆံမှုအပြီး ဆေးကဒ်သောက်ရန် မေ့လျော့လျှင် ကိုယ်ဝန်ရတတ်သောကြောင့် အောက်ပါအတိုင်းဆောင်ရွက်ပါ။

 

ဆေးကဒ် အပေါ်ဆုံးနှစ်တန်း(ပထမ ၁၄ လုံး)မှ မေ့ပါက

 

သတိရရခြင်း တစ်လုံးသောက်ပါ။ ပုံမှန်အချိန်တွင်လည်း တစ်လုံးသောက်ပါ။ကျန်ဆေးများအား အစဉ်အတိုင်းဆက်သောက်ပါ။ ကွန်ဒုံးကို ၇ရက်သုံးပါ။

 

ဆေးကဒ် တတိယတန်း(၇)လုံးမှ မေ့ပါက

 

သတိရရခြင်း တစ်လုံးသောက်ပါ ။အဆိုပါ အတန်းမှ ဆေးများအား ကုန်အောင်ဆက်သောက်ပါ။ ပြီးလျှင်နောက်ဆုံးအတန်းကို မသောက်ဘဲ ဆေးကဒ်အသစ် ပြန်စသောက်ပါ ။ ကွန်ဒုံးကို ၇ရက်သုံးပါ။

 

ဆေးကဒ် နောက်ဆုံးအတန်း (၇)လုံး (အနီရောင်ဆေးလုံးအတန်း ) မှ မေ့ပါက

 

မေ့သွားသောဆေးလုံးများအား ထုတ်ပစ်ပြီး ကျန်ဆေးများကို ဆက်သောက်ပါ။

 

ရေးသားသူ – Dr. May Thazin Oo

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”