မိမိပိုင်ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးသူအား အရေးယူ

မိုးညို ၃၀ ဇန်နဝါရီ 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် စပါယ်မျှောင်အုပ်စ၊ စပါယ်မျှောင် ကျေးရွာတွင် ဆိုင်ကယ်တစ်စီး မီးလောင်မှု ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ စပါယ်မျှောင်ကျေးရွာနေသူ ကျော်မျိုးဦး(၃၈)နှစ်သည် အရက်သေစာ သောက်စားပြီး မိဘများနှင့်စကားများကာ ၎င်းနေအိမ်နောက်ဘက်ရှိ ဘူးစင်အောက်တွင် မိမိ၏ဆိုင်ကယ် လော့ဂျားအမျိုးအစားအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များအား မီးကူးစက်လောင်ကျွမ်းမှု မရှိကြောင်းနှင့် မိမိ၏ဆိုင်ကယ်အား မီးရှို့ဖျက်စီးသည့် ကျော်မျိုးဦးအား မိုးညိုမြို့မရဲစခန်းမှ အမှုဖွင့်ထားရှိကြောင်း သိရသည်။


ကိုမင်း(မိုးညို)