နေပြည်တော် နိုဝင်ဘာ ၅

 

မိန်းကလေးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေခိုင်းသည့်အပြင် လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့ သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်နေ သန်းစိုးအောင်(မိ)နှင့် မိခင်ဖြစ်သူ ဒေါ်ယဉ်နွယ် (တိမ်းရှောင်)တို့က ပဲခူးမြို့နေ မxxx၊ ၂၀ နှစ်အားတရုတ်နိုင်ငံရှိ ရေသန့်စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့ရသည့်အပြင် တရုတ်ပြည်၌ ကြက်သွန်မြိတ်ခွာသည့် အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း ငွေကြေးတစ်စုံတစ်ရာရရှိခြင်းမရှိဘဲ လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သောကြောင့် ပဲခူးမြို့မရဲစခန်း(ပ) ၂၂၁၈/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပဲခူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက် ၂၆ ရက်တွင် တရားခံ သန်းစိုးအောင်ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)