နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်းနေ မဒလိတ် (ခ) မလှလှနွယ်(မိ)၊ မအေးအေးဝင်း(မိ)နှင့် မင်္ဂလာဒုံမြို့နယ်၊ ကျူဆန်ရွာမရပ်ကွက်နေ မအေးအေးသန်း (ခ) မအေးသန်း(မိ)တို့က မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်နေ မ----၊ ၁၈ နှစ်အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား မှော်ဘီမြို့မရဲစခန်း (ပ) ၁၂၃၉/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ မဒလိတ် (ခ) လှလှနွယ်၊ မအေးအေးဝင်း၊ မအေးအေးသန်း၊ (ခ) မအေးသန်း တို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား