ဘိုကလေး ၁၃ အောက်တိုဘာ
ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိမ်းသိမ်းရေး ဌာနမှ ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် မိန်းမလှကျွန်း ဘေးမဲ့တော ရေဝပ်ဒေသ ပညာပေးပြခန်း ပြသဆောင်ရွက်ထားရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ပြခန်းများအား ဘုရားပွဲတော် ကျင်းပသည့်ကာလ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်ထိ (၃)ရက်တိုင် ခင်းကျင်းပြသမည် ဖြစ်သည်။
ပြခန်းတွင် မိန်းမလှကျွန်းနှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာ အသိပညာပေး ဗွီဒီယိုများ၊ ရေချိုရေငံစပ် မိကျောင်းနှင့် မိန်းမလှကျွန်းအတွင်း တွေ့ရသည့် စပါးအုံးမြွေ၊ အာရှတိုက်အတွင်း မိကျောင်းများ၏ ပျံ့နှံ့ကျက်စားမှု မြေပုံနှင့် အလေ့အထ၊ လူနှင့် မိကျောင်းအကြား ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဉပဒေပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ရေဝပ်ဒေသများမှ ပံ့ပိုးပေးသည့် သယံဇာတနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ၊ ဆောင်းခိုငှက်များ၏ ပျံသန်းရာ လမ်းကြောင်းများ၊ ဇီဝမျိုးကွဲများ၏ ရုပ်ပုံများ ပြသထားရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


