တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျိုယွန်ဟီးဟာ လတ်တလောမှာတော့ မိသားစုဓာတ်ပုံတစ်ပုံကို ထုတ်ဖော်ပြသလာတာဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာတော့ ခင်ပွန်းဖြစ်သူ မင်းသားလီဒေါင်ဂန်းအပြင် သမီးလေးလည်း ပါဝင်နေကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ ဂျိုယွန်ဟီးက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ မိသားစုဓာတ်ပုံကို ဖော်ပြခဲ့တာပါ။ ဒီဓာတ်ပုံမှာတော့ လီဒေါင်ဂန်း၊ ဂျိုယွန်ဟီးနဲ့ သမီးဖြစ်သူ ရိုအာတို့အားလုံး ကိုရီးယားရိုးရာဝတ်စုံကို ဝတ်ဆင်ထားကြတာကိုလည်း တွေ့ရပါတယ်။
အေးပြည့်