မြိတ်   ၉  မေ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မိသားစုညီညွှတ်ရေးအသင်းမှ Covid-19 ကာကွယ်ရေး ကာလတွင် အသင်းဝင်များ အထောက်အကူဖြစ်စေရန်အတွက် အသင်းဝင်အိမ်ထောင်စု(၄၀ဝ)အား အခြေခံ စားသောက်ကုန် (၅)မျိုးကို မေလ(၉)ရက် နံနက်ပိုင်းက အဆိုပါအသင်းရုံးတွင် ပေးအပ်ခဲ့သည်။

 

15110

 

အခြေခံ စားသောက်ကုန်(၅)မျိုး အဖြစ် ဆန်(၅)ပြည်၊ ငါးသေတ္တာ(၅)လုံး၊  ဆီ(၁)ဗူး၊ ကြက်သွန် တစ်ပိဿာ၊ အိုင်အိုဒင်းဆားတစ်ထုပ် စီကို အသင်းဝင်အိမ်ထောင်စုတစ်စုအား မိသားစု ညီညွတ်ရေး အသင်း(မြိတ်)မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အသင်းဉက္ကဋ္ဌ ဦးထွန်းဦးထံမှ သိရသည်။

 

09763

 

အသင်းဝင် အိမ်ထောင်စု(၄၀ဝ)အား အခြေခံစားသောက်ကုန်(၅)မျိုးထောက်ပံ့ပေးအပ်ရာ၌ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အမှာစကားပြောကြားပြီး မိသားစု ညီညွတ်ရေး အသင်း(မြိတ်) ဉက္ကဋ္ဌ က အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့် ရည်ရွယ်ချက်ကို ပြောကြား၍ အသင်းနာယက ဦးကောက်ရိုက် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထိုနောက် အသင်းဝင်များအား လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက အခြေခံ စားသောက်ကုန် (၅)မျိုးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

202000