ရန်ကုန် ၁၂ ဇွန်
Miss Myanmar World 2018ပြိုင်ပွဲအတွက် ဆန်ခါတင် အလှမယ် ၂၀ ရွေးချယ်ပွဲကို ဇွန် ၁၁ ရက်က ရန်ကုန်မြို့ Chatrium Hotel ၌ ပြုလုပ်ခဲ့သည်။
အလှမယ်များကို လျှောက်လွှာများမှတစ်ဆင့် အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကာ လူတွေ့စစ်ဆေးမှုများ၊ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆန်ခါတင် အလှမယ် ၄၀ ကို ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက်မှ အလှမယ် ၂၀ ကို ယခု ထပ်မံစိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရွေးချယ်ခံရသည့် အလှမယ်များမှာ ခါးနံပါတ် (၁) ဂျာထွယ်လု၊ ခါးနံပါတ် (၂) စုရည်မွန်၊ ခါးနံပါတ်(၃) ဟန်သီ၊ ခါးနံပါတ်(၄) မေယုံကြည်၊ ခါးနံပါတ်(၅) မေမြင့်မွန်၊ ခါးနံပါတ်(၆) လင်းလက်အောင်၊ ခါးနံပါတ်(၇) ပန်စုဟေသီ၊ ခါးနံပါတ်(၈) Nညေ Sငေညါ Hသာ၊ ခါးနံပါတ်(၉) မေနန္ဒ၊ ခါးနံပါတ် (၁၀) သုသက်စုညွန့်၊ ခါးနံပါတ် (၁၁) လင်းကလျာဦး၊ ခါးနံပါတ် (၁၂) မေဖူးမြင့်မိုရ်၊ ခါးနံပါတ်(၁၃) Sနညါ ကြ ဗကညါ၊ ခါးနံပါတ်(၁၄) ပြည့်ကောင်းစုသန့်၊ ခါးနံပါတ် (၁၅) ယမုံ၊ ခါးနံပါတ် (၁၆) Jနျပ၊ ခါးနံပါတ် (၁၇) Rakhနူ၊ ခါးနံပါတ် (၁၈) အိန္ဒြာချစ်စု၊ ခါးနံပါတ် (၁၉) ဖြူသန့်ချော၊ ခါးနံပါတ်(၂၀) နန္ဒာဝင်းလက်တို့ ဖြစ်သည်။ (၆၈)ကြိမ်မြောက် Miss World 2018 ပြိုင်ပွဲကြီးကို တရုတ်နိုင်ငံတွင် ကျင်းပသွားမည် ဖြစ်သည်။
မေနှင်းဆီ
ဓာတ်ပုံ-မီချီကိုဟန်