ရန်ကုန် ၁၅ သြဂုတ်
Miss Tourism Worldwide Myanmar 2018 အလှမယ်ရွေးချယ်ပွဲကို သြဂုတ် ၂၁ ရက်တွင် ရန်ကုန်မြို့ ဆရာစံပလာဇာ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ Miss Tourism Worldwide Myanmar ဆုရရှိသော အလှမယ်သည် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ (ဂျာကာတာ)တွင် ကျင်းပမည့် Miss Tourism Worldwide ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ရန်ကုန်မြို့ ဆရာစံပလာဇာ၌ ကျင်းပမည့် Miss Tourism Worldwide Myanmar ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိပြိုင်ပွဲဝင်ရန် ရောက်ရှိနေသာ အလှမယ်များမှာ လပြည့်ဝန်း(မကွေး)၊ အက်စတာ(စစ်ကိုင်း)၊ ဆောင်းဧကရီစိုး (ရန်ကုန်အနောက်ပိုင်း)၊ လင်းပပအောင်(မန္တလေး)၊ နန်းမိုဗောင်း(ကျောက်မဲ)၊ မေလင်းလက်ခေတ် (ရန်ကုန်မြောက်ပိုင်း)၊ ပိုးရွှေစင်(မိုးကုတ်)၊ အိမ့်မြတ်ချယ်(တနင်္သာရီ)၊ သဉ္စာပြည့်ခိုင်(ပဲခူး)၊ ကေသီ(ကျောက်ဆည်)၊ ဆယ်လီ(တောင်ကြီး)၊ ယွန်းမီမီခိုင်(စစ်တွေ)၊ မိုင်ရေဗက္ကာအောင်(ချင်း)၊ ရှားသဉ္စာထွန်း (ဧရာဝတီ)၊ သိမ့်သဉ္စာ (ရန်ကုန်တောင်ပိုင်း)၊ သဉ္စာမော် (ရန်ကုန်အရှေ့ပိုင်း)၊ ရွေဇင်မင်းဖြူ (မြစ်ကြီးနား)၊ သော်တာဝင်းဝင်း (လွိုင်ကော်) တို့ဖြစ်ကြသည်။
Miss Tourism Worldwide Myanmar (2018) ပြိုင်ပွဲကို Grace Beauty Myanmar Organization မှ တာဝန်ယူ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း၊ ဓာတ်ပုံ-တင်စိုး