နေပြည်တော်  ၂၃  စက်တင်ဘာ 

 

Miss Universe Naypitaw 2018 ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Horizon Lake View Resort ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ပြည်ထောင်စုရှေ့နေ ချုပ်၏ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး၊ နေပြည်တော်တိုင်း အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဦးစီးကျင်းပသူများနှင့် ပြိုင်ပွဲ ဝင် အလှမယ်များတက်ရောက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားမှူးက Miss Universe Naypitaw 2018 အကြောင်းနှင့် ပြိုင်ပွဲအကြောင်းကို မိတ်ဆက်ပေးပြီး အကဲဖြတ်ဒိုင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကာ စပွန်ဆာကုမ္ပဏီများနှင့် မိတ်ဆက်ပေးသည်။

 

ယင်းနောက် ပြိုင်ပွဲဝင် အလှမယ်များက အကအလှများဖြင့် ပြိုင်ပွဲကို စတင်ဖွင့်လှစ်သည်။

 

ထို့နောက် ပြိုင်ပွဲဝင်အလှမယ်များ Main Sponsor နှင့်Venue Sponsor ကုမ္ပဏီများသို့ သွားရောက်လည်ပတ်ခဲ့သည့် လှုပ်ရှားမှုဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ပြိုင်ပွဲဝင်အလှမယ်များက မြန်မာဝတ်စုံများနှင့် ယှဉ်ပြိုင်ကြသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အလှမယ်များက Evening Gown ကိုယှဉ်ပြိုင် ကြပြီး ဆန်ကာတင် ရှစ်ဦးရွေးချယ်ခြင်း၊ ဧည့်သည်အဆိုတော်များ နှင့်အတူ ဆန်ကာတင်ရှစ်ဦးက ယှဉ်ပြိုင်ခြင်း၊ ဆန်ကာတင်ငါးဦးရွေးချယ်ခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် Miss Universe Naypitaw 2017 အလှမယ် ဆုမြတ်ဖူး၏ Final Walk လျှောက်ခြင်းဖြင့် ဖျော်ဖြေပြီး တာဝန်ရှိသူများက Titleနှင့် Miss Universe Naypitaw 2018 Winner ဆုများကို ချီးမြှင့်ကြကာ အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည်။ 

 

(သတင်းစဉ်)