၈ မတ်
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပိုလန်နိုင်ငံတွင်ပြုလုပ်သော Mister Supra National 2018 ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်၊ မစ္စတာ အယ်လစ်လွင် အနေဖြင့် Popular Choice 2018 ဆုကိုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၄၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မေး။ ။ Mister အဖြစ် စတင်ဖြစ်ခဲ့ပုံနဲ့ ပြိုင်ပွဲအတွေ့အကြုံလေးတွေ။
ဖြေ ။ ။ ဟုတ်။ ကျွန်တော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်တော်သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ၊ အဲ့လိုယှဉ်ပြိုင်ခဲ့တဲ့နေရာမှာ၊ ကျွန်တော် Mister Popular Awart ဆု နဲ့ Top 20 ဆုကို ရရှိခဲ့ပါတယ်၊ ကျွန်တော်ဘဝအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ၊ ဘာလို့လည်းဆို၊ ပိုလန် နိုင်ငံဆိုတာ ကမ္ဘာ့နိုင်ငံကြီးထဲက တစ်ခုလည်းဖြစ်တယ်၊ ပြီးတော့ နိုင်ငံတကာက အလှမောင်တွေ အများကြီးပါတယ်၊ ပြီးတော့ အရည်အချင်းလည်း ရှိကြတော့ ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ၊ သွားပြိုင်တုန်းက ရာသီဥတုကလည်း နှင်းတွေကျနေတဲ့ အချိန်ဆိုတော့ ကိုယ့်အတွက် အရမ်းအေးခဲပြီး၊ ပျော်စရာသိပ်ကောင်းခဲ့တယ်၊ ဒီလိုဆုမျိုးရမယ်လို့လည်း ကျွန်တော်မတွေးထားဘူး၊ ဒီလိုပဲ အတွေ့အကြုံတစ်ခု ရတာပေါ့ဆိုပြီး သွားပြိုင်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်ဘက်က ခန္ဓာကိုယ်အချိုးအစား၊ အသားအရည်၊အရည်အချင်းတွေ အတွက်တော့ ပြင်ဆင်ခဲ့တာမျိုးရှိခဲ့ပါတယ်၊ တခြားအခက်အခဲတော့ ကျွန်တော်မရှိခဲ့ပါဘူး။
မေး ။ ။ ပြိုင်ပွဲတွေပြီးပြီဆိုတော့၊ အနုပညာအလုပ်တွေ အတွက် ဘာတွေပြင်ဆင်ထားလဲ။
ဖြေ ။ ။ ပြိုင်ပွဲပြီးတော့ ကျွန်တော် အင်ဒိုနီးရှားနိုင်ငံကိုလည်း ကျွန်တော်သွားမယ် အဲ့ဘက်က ဖိတ်ခေါ်တာပေါ့နော် အဲဒီကိုရောက်ရင် မြန်မာပြည်ရဲ့အကြောင်းလေးတွေကို မသိသေးတဲ့ သူတွေကို ဗဟုသုတအဖြစ်ပြောပြဖို့ ပြင်ဆင်ထားပါတယ်၊ ပွဲတွေတက်ဖြစ်တယ် ပြီးတော့ Mister ပွဲတွေမှာ ကျွန်တော်အတွေ့အကြုံလေးတွ ဝေငှတာဖြစ်ပါတယ်၊ အခုလောလောဆယ်တော့ ကျွန်တော် သရုပ်ဆောင်သင်တန်းတက်ဖို့ပြင်ဆင်နေပါတယ်။
မေး ။ ။ ညီလေးဆို သန်မန်လူကနေ Mister တစ်ယောက်အဖြစ် ဖြစ်ခွင့်ရခဲ့တာဆိုတော့ အဲ့အပေါ် ခံယူချက်လေးက။
ဖြေ။ ။ ဟုတ် ကျွန်တော်ပြောချင်တာကတော့ နောက်ထပ် တက်လာမယ့် မျိုးဆက်တွေအနေနဲ့ အားမငယ်ပါနဲ့ တစ်ချို့က အရပ်ပုလို့ဆိုပြီး စိတ်ဓာတ်ကျတာမျိုးတွေရှိတယ် မကျပါနဲ့၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းအပြည့်ရှိနေဖို့ ပြင်ဆင်ထားရမယ်၊ နောက် လုံ့လအားစိုက်ဖို့လိုတယ်၊ နောက်စာရိတ္တပိုင်း၊စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရှိဖို့လိုပါတယ်။
ကိုလင်း