နေပြည်တော် မေ ၂၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သညမေ ၂၄ ရက် နံနက် ၇နာရီခွဲတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဇေယျာသီရိ()ရပ်၊ ပိတောက်ရွှေဝါ လမ်းတွင် အောင်မင်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကို လည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီတွင်  နောင်ချိုမြို့နယ်၊ တောင်ရှည် ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာ၊ ဒုဌဝတီ တံတားအနီး၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် ရန်နိုင်ဖြိုး(ခ)ဖိုးကောင်း မောင်းနှင်ပြီး အောင်မင်းစိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄,၃၈၅ ပြား  ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင်  မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ တိန်းလုံကျေးရွာအနီး၊ မူဆယ်- နမ့်ခမ်းသွားကားလမ်းတွင် တူးဂျာမောင်းနှင်လာသည့် NISSAN X-TRAIL အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၇၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)