မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အကျဉ်းဦးစီးဌာန မြိတ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားရှိသော အချုပ်သား ၄၄ ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၇/၂၀၂၁ အရ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် လွှတ်ပေးခဲ့သည်။
မြိတ်အကျဉ်းထောင်တွင် အချုပ်သားများ လွှတ်ပေးခြင်းကို မြိတ်အကျဉ်းထောင် ခန်းမတွင် ကျင်းပခဲ့ပြီး မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မိုးသက်နှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ အရာရှိ (လက်ထောင်ညွှန်ကြားရေးမှူး) ဦးစောမိုးရွှေတို့က ဆုံးမစကားများနှင့် မိမိတို့ရပ်ရွာ ပြန်ရောက်သည့်အခါ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း နေထိုင်သွားကြရန် ပြောကြားကြသည်။
မြိတ်အကျဉ်းထောင်မှ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းပေးခြင်းကြောင့် လွှတ်မြောက်ခဲ့သည်မှာ အချုပ်သား ၄၀ နှင့် အချုပ်သူ လေးဦး စုစုပေါင်း ၄၄ ဦးဖြစ်ပြီး နေရပ်ပြန်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


