မြိတ်အကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ(၅၀၅-က)ဖြင့် အရေးယူခဲ့သော အမှုများမှ အချုပ်သူ(၄)ဦးအား အမှုပိတ်သိမ်း၍ လွှတ်ပေး

mdn

မြိတ်    ဩဂုတ်   ၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရာဇသတ်ကြီးပုဒ်မ(၅၀၅-က)ဖြင့် အရေးယူခဲ့သော အမှုများမှ အချုပ်သူ(၄)ဦးအား ဩဂုတ်လ(၂)ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားမှတ်ချက်များအရ လုပ်ထုံးလုပ်နည်းနှင့် အညီ အမှုပိတ်သိမ်း၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

 “ ဒီနေ့လွှတ်တဲ့(၅၀၅-က)က သက်ဆိုင်ရာမှအသနားခံစာတင်၍ ဝန်ကြီးဌာနမှ ချိတ်ဆက်ပြီး နိုင်ငံတော် ကောင်စီကိုတင်ပြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖြေလျော့မှုအစီအစဉ်အရ အမှုရုပ်သိမ်းလွှတ်ပေး တာဖြစ်ပါတယ်”ဟု မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူး ချိုလွင် က ပြောသည်။

 

အမှုပိတ်သိမ်း၍ လွှတ်ပေးခဲ့သည့်(၄)ဦးအား မြိတ်အကျဉ်းထောင် ဧည့်ခန်းမတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော်မိုးသက်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စွာမင်းနှင့်  အကျဉ်းထောင် တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမိုးရွှေတို့ က ဆုံးမစကားများပြောကြားခဲ့ကြသည်။ မြိတ်အကျဉ်းထောင် မှ ရာဇသတ်ကြီးပုဒ်မ(၅၀၅-က)ဖြင့် အမှုပိတ်သိမ်းလွှတ်ပေးခဲ့ရာတွင် မြိတ်မြို့နယ်မှ အချုပ်သူ(၃)ဦး နှင့် ပုလောမြို့ နယ်မှ အချုပ်သူ(၁)ဦးတို့ဖြစ်ကြကြောင်း မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )