မြိတ်၊ ၂၆ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း(၁၆၀၀၀) ကျော်ဖြင့် လမ်းလုပ်ငန်း(၇၁)ခုနှင့် တံတားလုပ်ငန်း(၅၈)ခု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေ ကျပ်သန်း(၁၃၀၀)ကျော်နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၅၀၀၀) ကျော်ဖြင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်း၊ ဂဝံမြေသားလမ်းနှင့် Box Culvert၊ ရေဆင်းတံတား၊ ကွန်ကရစ်တံတားကြီး၊ ကွန်ကရစ်တံတားငယ်၊ မြေထိန်းနံရံ၊ ဘေလီတံတား၊ သစ်သားတံတား စသည့် လမ်းလုပ်ငန်း(၇၁)ခုနှင့် တံတားလုပ်ငန်း(၅၈)ခု ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများမှာ ကွန်ကရစ်လမ်း (၃၆/၃.၀၅)မိုင်၊ ကတ္တရာလမ်း(၁/၂.၄၅)မိုင်၊ ကျောက်ချောလမ်း(၇/၁)မိုင်၊ မြေသားလမ်း (၇၀/၇.၃)မိုင်၊ ဆောင်ရွက် လျက်ရှိပြီး တံတားလုပ်ငန်းများမှာ Box Culvert (၁၉)စင်း၊ ကွန်ကရစ်တံတား(၃၆)စင်း၊ ဘေလီတံတား (၁)စင်းတို့ ကို ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရ မှ ကြီးကြပ်၍ မြို့နယ်များ အလိုက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ(၇၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများအတွက် လမ်း/တံတားလုပ်ငန်းများကို မြိတ်မြို့နယ်တွင် လမ်းလုပ်ငန်း(၂၄)ခု၊ တံတားလုပ်ငန်း(၁၁)စင်း၊ ကျွန်းစုမြို့နယ်တွင် လမ်းလုပ်ငန်း(၁၁)လမ်း၊ တံတားလုပ်ငန်း(၂၆)စင်း၊ ပုလောမြို့နယ် တွင် လမ်းလုပ်ငန်း(၁၄)ခု၊ တံတားလုပ်ငန်း(၁၃)စင်း၊ တနင်္သာရီမြို့နယ်တွင် လမ်းလုပ်ငန်း(၂၂)ခု၊ တံတားလုပ် ငန်း(၈)စင်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ ယခင်ကထက် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


