မိတ်ကပ် ပညာရှင် တစ်ယောက်လို နှုတ်ခမ်းနီ ဆိုးကြည့်ရအောင်

နေပြည်တော် ၂၅ ဇန်နဝါရီ

 

နှုတ်ခမ်းနီ “အနီရောင်” က လူတိုင်းအတွက် သင့်တော်ပါတယ်လို့ မိတ်ကပ်ပညာရှင် ကတ်ထရီနာ ဟတ်စ် က ဆိုပါတယ်။ ကိုယ်က ချယ်ရီသီးရောင်ရှိတဲ့ အနီရောင်နဲ့ မလိုက်ရင် အနီရောင်ရင့်ရင့်ကို ရွေးကြည့်တာမျိုးပေါ့။

 

ကဲ နှုတ်ခမ်းနီ စဆိုးကြည့်ရအောင် နှုတ်ခမ်းနီ မဆိုးခင် နှုတ်ခမ်းပတ်လည်ကို lip liner နဲ့ ဆွဲမယ်ဆိုရင် နှုတ်ခမ်းနီ တာရှည်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ lip liner မှာ ဖယောင်းဓာတ် ပါနေတဲ့အတွက် နှုတ်ခမ်းနီကို သူ့နေရာအတိုင်းသူ ရှိနေစေပြီး တခြားကို မပြန့်စေပါဘူး။ အဲဒါပြီးရင် နှုတ်ခမ်းနီ ဆိုးတဲ့ စုတ်တံ အသုံးပြုတာက ပိုကောင်းပါတယ်။ နှုတ်ခမ်းပေါ်မှာ အရှေ့အနောက် အသေအချာ အထပ်ထပ် လိုသလို သုတ်လိမ်းနိုင်လို့ပါဘဲ။ ဒါ့အပြင် စုတ်တံရဲ့ အားကောင်းတဲ့ အချက်ကတော့ ကိုယ့်နှုတ်ခမ်းပေါ်ကနေ အပြင်ကို ပေါက်ထွက် မသွားဘူးပေါ့။

 

ကိုယ်ဆိုးပြီးသား နှုတ်ခမ်းနီ ဆေးသားတွေ တင်းတင်းလေး ဖြစ်သွားအောင် နှုတ်ခမ်းနီ ဆိုးပြီးပြီဆိုရင် စက္ကူပါး (တစ်ရှူး)လေး တင်ပြီး နှုတ်ခမ်းလေးနဲ့ ဖိကိုက်ထားလိုက်ပါ။ အဲဒါတွေ အားလုံးပြီးပြီဆိုရင် နောက်တစ်ကြိမ် နှုတ်ခမ်းနီ ပါးပါးလေး ထပ်ဆိုးလိုက်ပါ။

 

နှုတ်ခမ်းနီ ဆိုးပြီးပြီဆိုရင် နှုတ်ခမ်း ဒေါင့်စွန်းမှာ နှုတ်ခမ်းနီ တချို့ပေခဲ့နိုင်ပါတယ်။ အဲဒါကို ဖျောက်တဲ့ အနေနဲ့ ကိုယ့်လိမ်းနေကြ အောက်ခံ မိတ်ကပ်ရည်လေး ခပ်ပါးပါးလေး တို့လိမ်းလိုက်ပါ။

 

အလျင်အမြန်၊ အခက်အခဲ မရှိပဲ နှုတ်ခမ်းနီကို မိတ်ကပ်ပညာ တစ်ယောက်လို ဆိုးလိုက်တာဘဲ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ကျမတို့ အများစု နှုတ်ခမ်းနီ ဝယ်ရင် လက်ဖမိုးပေါ် တင်ပြီး အရောင်စမ်းလေ့ ရှိပါတယ်။ ဒါကို ကတ်ထရီနာ ဟတ်စ် ကတော့ လက်ညိုးထိပ်မှာ စမ်းစေချင်ပါတယ်တဲ့ လက်ညိုးက အသားနဲ့ နှုတ်ခမ်းက အသားအရောင်က အတူတူပဲ ဖြစ်လို့ပါတဲ့။ ဆင်ခြင်ဖို့၊ ဝေဖန်ဖို့အတွက် Reader's Digest ရဲ့ အလှအပ ကဏ္ဍက နှုတ်ခမ်းဆိုး နည်းလမ်း အကြောင်းကို ဝေငှလိုက်ရပါတယ်။

 

MDN