မြိတ် ၁၅ မတ်
နွေရာသီအားလပ်ရက် ကျောင်းသားကျောင်းသူလေးများ စုပေါင်းကာ မတ်လ(၁၄)ရက်၊ ညနေပိုင်းက မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် တပျော်တပါး စုပေါင်း ဂိမ်းကစားကြသည်။
ကစားရာတွင် ကျောင်းသားကျောင်းသူလေးများ (၅)ယောက်တစ်ဖွဲ့စီခွဲကာ ပူဖောင်းများမှုတ်၍ စုပေါင်း အမြင့်စီခြင်းကို တပျော်တပါးယှဉ်ပြိုင်ကြရာ မြိတ်ခရိုင်ပြန်/ဆက်မှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးနှင့် ဝန်ထမ်းများမှ ဒိုင်အဖြစ် ကြီးကြပ်ဆောင်ရွက်ပေးကြပြီး ပူပေါင်းအမြင့်စီနိုင်သည့် အဖွဲ့များကို အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များ၊ ပုံဆွဲစာအုပ်များ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)