မြိတ်မြို့ ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ရပ်နားထားသည့် ခရီးသည်တင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား

မြိတ်  ၁၈   ဖေဖော်ဝါရီ  


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ကျောက်ချ ရပ်နားထားသည့် ခရီးသည်တင်စက်လှေတစ်စီး ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

123


ဖြစ်စဉ်မှာ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီး ရေပြင်တွင် ဦးသားသား(Golden SKY)ဟိုတယ်မှပိုင်ဆိုင်သောအလျား (၅၂)ပေ၊ အနံ (၁၁)၊ ရေစူး (၇)ပေရှိ ၊ မြင်းကောင်ရေ (၅၅၀)l အင်ဂျင်(၄)လုံးတပ်၊သံထည်ခွံ ခရီသည်တင်စက်လှေသည်စက်ခန်းအတွင်း၌ တပ်ဆင်ထားသော ဘထ္ထရီအိုး၏ အပေါင်းအနုတ်ကြိုးပူးရာမှ အပူလွန်ကဲ့ပြီး စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်ဖြစ်ပွားရာသို့ မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦး၊ အရန် မီးသတ်ဖွဲ့ဝင်(၁၅)ဦး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် တပ်ဖွဲ့ဝင်(၁၂)ဦး၊ ကမ်းနားလမ်း အနီးဝန်းကျင်တို့မှဒေသခံ ပြည်သူများ စုစုပေါင်း ၆၀ ခန့်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီအချိန်ခန့်တွင်မီးထိန်းနိုင်ခဲ့ပြီး နံနက်၂နာရီ၃၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် ၎င်းစက်လှအတွင်းရှိ စက်လှေပေါင်းမိုး(၁)ခု၊ ဘထ္ထရီအိုး(၂)လုံး၊ ပရိဘောဂအသုံးအဆောင် ပစ္စည်းများနှင့် လှေအသုံးဆောင်ပစ္စည်းများ၊  မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံး/ပျောက်ဆုံး မှုမရှိကြောင်း သိရသည်။


မြင့်ဦး(မြိတ်)