မြိတ် ၂၉   မေ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက် သဟာရလမ်းတွင် အလှူရှင်(၃)ဦးမှ ရပ်ကွက် အတွင်းရှိ  အခြေခံလူတန်းစား အိမ်ထောင်စု(၂၂၀)အား အခြေခံစားသောက်ကုန်များကို မေလ (၂၉) ရက် နံနက်ပိုင်းက စနစ်တကျ လှူဒါန်းထောက်ပံ့ပေးခဲ့ကြသည်။

 

အခြေခံ လူတန်းစားများအား လှူဒါန်းထောက်ပံ့သည့် အခြေခံ စားသောက်ကုန်များမှာ အိမ်ထောင်စုတစ်စု လျှင် ဆန်(၆) ပြည်၊ ဆီ(၁)ဗူး၊ ထီး(၁)ချောင်း၊ မာမားခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ တစ်ပါကင်၊ ကြက်သွန်၊ ပဲ၊ ဆပ်ပြာ၊ Hand Gel တစ်ဘူးစီ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

 

လှူဒါန်းထောက်ပံသည့် အစီအစဉ်မှာ (ဦးတင်ဝင်း)+ဒေါ်အေးရှင် မိသားစု ဇေကမ္ဘာဆန်ရောင်းဝယ်ရေးမှ ဒေါ်အေးရှင် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ပြီး ၄င်းတို့မှ ဆန် ၊ ဆီ  ၊ ထီး တို့လှူဒါန်းကြပြီး မိုးထက်မြက် ကွမ်းသီး ရောင်းဝယ်ရေး မှ မားမားခေါက်ဆွဲခြောက် ၊ မြိတ်ပန်းဧရာ ကုမ္ပဏီမှ ကြက်သွန်၊ ပဲ၊ ဆပ်ပြာ၊ Hand Gel  တို့ လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး  (  မြိတ်  ပြန်/ဆက် )