မြိတ် ၆ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာရှိ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အခြေခံစားသောက်ကုန်ငါးမျိုးကို ဇွန် ၆ ရက် နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြသည်။
အခြေခံစားသောက်ကုန်ငါးမျိုးအဖြစ် ဆန်(၂၄) ပြည်ဝင် အိတ် ၂၀၊ ဆီ ၂၅ ပိဿာ၊ ပဲ ပိဿာ ၂၀၊ အာလူး ပိဿာ ၂၀၊ ကြက်သွန် ပိဿာ ၂၀ တို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီး မန်နေဂျာ ဦးဇော်နိုင်လင်းက သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
အခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများမှ ဆရာတော်အား ဩကာသ ကန်တော့ချိုးဖြင့် ကန့်တော့ကြပြီး တိုင်းဒေသကြီးမန်နေဂျာက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းလျှောက်ထား၍ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


