မြိတ်   ဒီဇင်ဘာ   ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် District Sports Development Program အစီအစဉ်ဖြင့် မြိတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၁၇ နှစ်အောက် ကလပ်ပေါင်းစုံ Small Game (ဂိုးလတ်) ဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပလျက် ရှိသည်။

 

အဆိုပါ ပြိုင်ပွဲကို  ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက စတင်ကျင်းပခဲ့ရာ ကန်ဖျား FC အသင်းနှင့် အဏ္ဏဝါ FC အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။  ပြိုင်ပွဲကို ကလပ် အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း၊  ပြိုင်ပွဲဝင် ကစားသူများထဲမှ ထူးချွန်ဘောလုံးကစားသမားများကို ခရိုင်အဆင့် လက်ရွေးစင် ဘောလုံးအားကစားသမားများအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)