မြိတ် ဒီဇင်ဘာ ၂
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်းတွင် ကျေးရွာဖွံ့ဖြိုးရေး (VDP)လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာ (၄)ရွာတို့မှ ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းရေးဆွဲနည်းသင်တန်းကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချပေးနေကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြိတ်မြို့နယ်အတွင်းရှိ တောထွင်ကြီး၊ ရင်းတောင်၊ ငါးအင်၊ ပဂျီရှောင်စသည့် ကျေးရွာလေးရွာတို့မှ ကော်မတီဝင်အမျိုးသား၊ အမျိုးသမီး(၈)ဉီးတို့အား မြိတ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှမြို့နယ်ဉီးစီးမှူး ဉီးသန်းထွန်းဉီးနှင့်စီမံကိန်းတာ ဝန်ခံ(၃)ဉီးတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရေးနည်းအကြောင်းများအား ဒီဇင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ လေးရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ်(၆)လတွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကို ကျေးရွာတစ်ရွာလျှင် ငွေသိန်း(၁၀၀)စီဖြင့် တောထွင်ကြီးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၁)ခု၊ ရင်းတောင် ကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၁)ခု၊ ငါးအင်းကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်းလုပ် ငန်း(၁)ခုနှင့်ပဂျီရှောင်ကျေးရွာတွင် ကျေးရွာတွင်းမြေသားလမ်း ဆောင်ရွက်ခြင်းလုပ်ငန်း (၁)ခု၊ စုစုပေါင်းလုပ်ငန်း(၄)ခုကို မြိတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကြီးကြပ်မှုဖြင့် အဆိုပါကျေးရွာများမှ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်ဉီးစီးမှူး ဉီးသန်းထွန်းဉီးက ပြောပြသိရသည်။
မြင့်ဦး(မြိတ်)