မြိတ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားကို ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံး

နေပြည်တော်၊ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားကို ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းတွင် မြိတ်မြို့၊ မြို့မအားကစားကွင်းဝန်းကျင်၌ လှည့်ကင်းဆောင်ရွက်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၁၁ နာရီခွဲခန့်တွင်ဦးမြတ်လေးပန်းခြံရှေ့အရောက်၌ အကြမ်းဖက်သူ အမျိုးသားတစ်ဦးသည် ပုန်းခိုနေရာမှ ပြေးထွက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကိုင်ဆောင်ထားသည့် သေနတ်အားလုယူခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ ၎င်း၏ဘေးသို့ သေနတ် ချက် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

 

အဆိုပါ အကြမ်းဖက်သမားမှ ထပ်မံလုယူရန် ကြိုးစားသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမား၏ ဘယ်ပေါင်ရင်း ထိမှန်ဒဏ်ရာ ချက်နှင့် ဝဲလက်မောင်း ထိမှန်ဒဏ်ရာ ချက်ရရှိကာ ကတ္တရာ လမ်းပေါ်သို့ မှောက်လျက်လဲကျသွားပြီး လဲကျသွားသည့်အရှိန်ဖြင့် နဖူးကွဲဒဏ်ရာ ချက် ထပ်မံရရှိခဲ့ သဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်လုယူရန်ကြိုးစားခဲ့သည့် အကြမ်းဖက်သူ အမျိုးသား (စိစစ်ဆဲ)သေဆုံးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်၍ စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)