မြိတ် ၁၇ ဇန်နဝါရီ
မြိတ်ခရိုင်ရဲတပ်ဖွဲ့၊အမှတ်(၇၆)ယာဉ်ထိန်းတပ်ဖွဲ့စုနှင့် မျိုးသိန်း အီလက်ထရောနစ်ကုမ္ပဏီ (TCL) တို့ ပူးပေါင်းကျင်းပသော ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ လေယာဉ်ကွင်းလမ်းမကြီး၌ မော်တော်ဆိုင်ကယ် စီးနင်းသူများအတွက် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင်၊ TCL. ကုမ္ပဏီ မှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်ထက်အောင်၊ မြိတ်ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးခင်မောင်လွင်၊ အမှတ်(၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး (မြိတ်)မှဒုရဲမှူး ကိုကိုနှင့်တပ်ဖွဲ့ဝင်များ၊ မြိတ်မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကို၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ကျောင်သား၊ ကျောင်းသူများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်းသူများ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများ၊ စုစုပေါင်းအင်အား (၃၅၀)ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်မျိုးမြင့်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင်၊(TCL) ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်ထက်အောင်၊ မြိတ်ခရိုင် ကုန်းလမ်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးခင်မောင်လွင်၊ အမှတ်(၇၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး(မြိတ်)မှဒုရဲမှူး ကိုကိုနှင့်တာဝန်ရှိသူများက လမ်းသွား၊ လမ်းလာ မော်တော်ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် အလုံး ၂၅၀ အခမဲ့ဝေငှပေးခဲ့ပြီး၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ၊ အရှိန်ပြင်းပြင်းမမောင်းရ၊ စာသားပါ စတစ်ကာများ၊ ရောင်ပြန် စတေကာများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာဆောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)

