မြိတ် ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မီးသုံးစွဲသူပြည်သူများ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီခန့်က ရပ်ကွက်အတွင်းသို့ လှည့်လည်ကာ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိတ်မြို့နယ်အတွင်းရှိ မြိတ်တောင်ကျေးရွာ၊ ရွှေပြည်တန်ရပ်ကွက်နေ ပြည်သူများအား မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ တစ်အိမ်တက် တစ်အိမ်ဆင်း မီးသုံးစွဲမှုစစ်ဆေးခြင်း၊ အရေးပေါ်ဖုန်းနံပါတ် (191)ပါ မီးသတိပြုစာတမ်းများကပ်ခြင်း၊ ကားလမ်းဖြတ်၍ သွယ်တန်းထားသော လျှပ်စစ်မီးကြိုး၊ ဖုန်းကြိုး၊ ဝိုင်ဖိုင်ကြိုးများကို သတ်မှတ်အမြင့်ပေ (၁၅)ပေတွင် သွယ်တန်းရန် အသိပညာပေးစည်းရုံးပြောဆိုခြင်း၊ မီးသတ်ရေကန် တည်ဆောက်မည့်နေရာအတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ အမှတ်(၄) အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၆)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


