မြိတ်မတ် ၃၀

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မတ် ၃၀ ရက် နံနက်ပိုင်းက ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင် လူငယ်များပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး အားကစားသမားများအား ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ဆုငွေများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲတွင် အထူးပွဲအနေဖြင့် အမျိုးသား လေးချီ အထူးပွဲနှင့် အမျိုးသမီး သုံးချီ အထူးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  ပြိုင်ပွဲကို မတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)